Connect with us

Politics, Law & Military

၂ဝ၁၈ ခုနှစ် မြန်မာ့ရေကြောင်းညီလာခံကို ၂ ရက်တာ ကျင်းပ

ရန်ကုန်မြို့ ၌ ကျင်းပသည့် ၂ဝ၁၈ ခုနှစ် မြန်မာ့ရေကြောင်း ညီလာခံ ဖွင့်ပွဲ၌ ပို့ ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဖွင့်မိန့် ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် မြန်မာ့ရေကြောင်း ညီလာခံဖွင့်ပွဲကို ယနေ့နံနက်တွင် ရန်ကုန်မြို ့Rose Garden ဟိုတယ်၌ Myanmar Nautical Association က ကြီးမှူး၍ စတင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ညီလာခံကို နိုဝင်ဘာ ၁၅ ရက် မှ ၁၆ ရက် ထိ နှစ်ရက်တာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ပင်လယ်ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူ ၁ဝ ဦးကျော် ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံဖွင့်ပွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ယင်းနောက်တွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ms.Tone Tone က ညီလာခံကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

မြန်မာ့ရေကြောင်း ညီလာခံ ဖွင့်ပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ms.Tone Tone အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ကျင်းပသည့် ၂ဝ၁၈ ခုနှစ် မြန်မာ့ရေကြောင်း ညီလာခံ ဖွင့်ပွဲမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ညီလာခံပထမနေ့တွင် Maritime Industry Outlook ၊ Marine Environment – Prevention , Mitigation and Remedy ၊ Human Resource Management နှင့် Compensation, Welfare and Insurance ဟူသောခေါင်းဆောင် ၄ ခုကို ပြည်တွင်းပြည်ပ ပညာရှင် ၉ ဦးမှ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း နှင့် Maritime Claims & Marine Insurance ခေါင်းစဉ်ကို မြန်မာနိုင်ငံ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး(အငြိမ်းစား) ဒေါက်တာမောင်မောင်သိမ်းက ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်မည့် ညီလာခံဒုတိယနေ့တွင် ပြည်တွင်းပြည်ပ ပညာရှင် ၄ ဦးက Shipping Economic outlook-Crewing on Spotlight ၊ Crew Sourcing ၊ Training and Development နှင့် Future Ready Workforce- Matching Talent and the Job ဟူသော ခေါင်းစဉ် ၄ ခုကို တစ်ဦးချင်းစီအလိုက် အသီးသီးဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.