Connect with us

Politics, Law & Military

(၂၆) ကြိမ်မြောက် APEC ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ရန်နှင့် ပါပူဝါနယူးဂီနီ ၊ ဘရူနိုင်း၊ဖိလစ်ပိုင်နိုင်ငံများသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် သွားရောက်ရန် သမ္မတရှီကျင့်ဖိန် ပေကျင်းမြို့မှ ထွက်ခွာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်သည် ပါပူဝါနယူးဂီနီနိုင်ငံ ဘုရင်ခံချုပ် Bob Dadae ၊ ဘရူနိုင်းနိုင်ငံ ဘုရင် Hassanal Bolkiah ၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတ Rodrigo Duterteတို့၏ ဖိတ်ကြားချက်အရ ၎င်းနိုင်ငံများကို နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ရန် ယနေ့ ပေကျင်းမြို့မှ အထူးလေယာဉ်ဖြင့်ထွက်ခွာသွားကြောင်း သိရသည်။ ထိုသို့သွားရောက်စဉ် ပါပူဝါနယူးဂီနီတွင် တရုတ်နိုင်ငံနှင့်သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များ နှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ပါပူဝါနယူးဂီနိုင်ငံ ပို့မိုရက်စ်ဘီ(Port Moresby)မြို့တွင် ကျင်းပ မည့် (၂၆) ကြိမ်မြောက် APEC ခေါင်းဆောင်များအလွတ်သဘောအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

အဆိုပါခရီးစဉ်တွင် သမ္မတရှီကျင့်ဖိန်နှင့်အတူ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး၊ ဗဟိုလုပ်ငန်းဆောင်ရွက်မှုရုံး ညွှန်ကြားရေး မှူး တင်းရွှဲရှန်(Ding Xuexiang)၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi)၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း (He Lifeng) တို့ ပါဝင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.