ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရေတံခွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဇန်နဝါရီလ (၆)ရက် နံနက်(၉း၄၅)နာရီအချိန်တွင် တယ်လီဖုန်းအင်တာနာသံပိုက်လုံးထောင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟီဘီ ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ လက်နက်ကိုင်တပ်ပေါင်းစုံပါဝင်သော စစ်ရေးလေ့ကျင့်မှု အသစ်တစ်ခုကို ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် စစ်သားပေါင်း ၄ဝဝဝ ကျော်ပါဝင် လေ့ကျင့်လျက်ရှိသည်။
ယူနန်၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင် နွားများ၏ ခန္ဓာကိုယ်ပေါ်၌ ဆေးရောင်စုံပန်းချီကားများ ရေးခြယ်ကာဝင်ရောက်ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲတစ်ရပ်ကိုကျင်းပခဲ့ကြသည်။ ၂ ရက်တာကျင်းပခဲ့သည့်အဆိုပါပွဲမှာ နိုင်ငံခြားသား ဧည့်သည်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ တရုတ် ၊ဗီယက်နမ်နှင့် လာအို နိုင်ငံတို့မှ ပန်းချီပြိုင်ပွဲဝင်အဖွဲ့ပေါင်း ၃၈ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ပန်းချီကားများရေးဆွဲစဉ်တွင် နွားများကို ကောက်ရိုးအစာများကျွေးထား ကာရေးဆွဲခဲ့ကြသည်။ ပြိုင်ပွဲတွင်...
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ အစိုးရ ထံ သို့ အဆင့်မြင့် ရွေ့လျား နေအိမ် အလုံး (၁၀၀) လွှဲပြောင်း ပေးအပ် ခြင်း အခမ်းအနား ကို ဇန်နဝါရီ...
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။