Connect with us

Videos

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် တရုတ်နိုင်ငံ CNTAC ပူးပေါင်းဆောင်ရွက်

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ် (China National Textile And Apparel Council, CNTAC) က မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း ကုမ္ပဏီ များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် နှင့် တာဝန်ယူမှု ရှိသည့် ရင်းနှီးမြှုပ်နှံမှု များ ဖြစ်စေရန် မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း အသင်း အဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် CNTAC လူမှုရေးတာဝန်ယူမှု ဆိုင်ရာရုံး ညွှန်ကြားရေးမှူး မစ္စ ယျန်ယျန် (Ms.Yan Yan) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ က အောက်တိုဘာ ၁၇ ရက် တွင်မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) ရုံး သို့ သွားရောက် ခဲ့ပြီး CECCM နှင့် တရုတ် နိုင်ငံ အထည်လိပ်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်စင်တာ(China Textile Information Center,CTIC) အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။ အခမ်းအနား တွင် CECCM ဥက္ကဋ္ဌ လျိုယင် က အသင်း ထူထောင်ရခြင်း အခြေအနေ နှင့် ပတ်သက်၍ မိတ်ဆက်တင်ပြခဲ့ပြီး CNTAC လူမှုရေးတာဝန်ယူမှု ဆိုင်ရာ အလုပ်ရုံ ဌာနမှူး မစ္စ ယျန်ယျန် က မြန်မာ နိုင်ငံ သို့ ပူးပေါင်းဆောင်ရွက်မှု လာရောက် ပြုလုပ်ရသည့် ရည်ရွယ်ချက် နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က CNTAC နှင့် CECCM တို့ မှ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက်တွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြစ်ကြောင်း ၊ CNTAC မှ မြန်မာ နိုင်ငံ သို့ လာရောက် ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း က မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက်များစွာ အထောက်အကူ ဖြစ်စေသောကြောင့် ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

CECCM ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း (Mr.Luo Jun) က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား ခဲ့ရာတွင် အထည်ချုပ် လုပ်ငန်း နှင့် ပတ်သက်၍ ဘက်စုံ သင်တန်းပို့ချမှု မှ တစ်ဆင့် မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း များ ၏ စီမံခန့်ခွဲမှုပိုင်း ကို များစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်ပြီး အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ CNTAC လူမှုရေးတာဝန်ယူမှု ဆိုင်ရာရုံး ညွှန်ကြားရေးမှူး မစ္စ ယျန်ယျန် (Ms.Yan Yan) က CNTAC အနေဖြင့် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ အထည်ချုပ် လုပ်ငန်း ကုမ္ပဏီ များ က တာဝန်ယူမှု နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်သော ရင်းနှီးမြှုပ်နှံမှု ဖြစ်စေရန် အတွက် CECCM နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် မြန်မာ နိုင်ငံ ရှိ အခြား တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ များကိုလည်း လူမှုရေးတာဝန်ယူမှု လုပ်ငန်း နှင့် ပတ်သက်၍ အထောက်အကူ ဖြစ်စေရန် မျှော်လင့်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ထို့အတူ အောက်တိုဘာလ ၁၇ ရက်နေ့ ၌ပင် အထည်ချုပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ တရုတ်နိုင်ငံ အထည်အလိပ် လုပ်ငန်း အသင်းချုပ် (CNTAC) နှင့် GIZ တို့ ပူးပေါင်း၍ “တရုတ်နိုင်ငံ အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းများ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် တာဝန်ယူမှုတာဝန်ခံမှု ဆိုင်ရာ လမ်းညွှန်” အကြံပြုဆွေးနွေးပွဲကို ရန်ကုန်မြို့ ရှိ Best Western Green Hill Hotel တွင်ကျင်းပခဲ့သည်။ အဆိုပါ အကြံပြုဆွေးနွေးပွဲကို အထည်ချုပ် လုပ်ငန်း နှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး လက်ရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံများ ရင်ဆိုင်ရသော တာဝန်ယူမှု တာဝန်ခံမှု ဆိုင်ရာ အခက်အခဲ စိန်ခေါ်မှုများ ၊ အလုပ်ရှင်အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင် ရမည့် နည်းလမ်းများ ၊ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများ တာဝန်ယူမှု တာဝန်ခံမှုများဆောင်ရွက်ရာတွင် တန်ဖိုးရှိ အကျုံးဝင်မည့် အချက်အလက်များ ကို အဓိကထား၍ တက်တက်ကြွကြွပါဝင်ဆွေးနွေးအကြုံပြုခဲ့ကြသည်။

ဆွေးနွေး ဖလှယ်ပွဲ အပြီး တွင် CNTAC နှင့် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) တို့ မှ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ MGMA အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ကဏ္ဍ တွင် တရုတ် နိုင်ငံ က အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးထားသောကြောင့် ကျေးဇူးတင်ရှိကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

CNTAC အနေဖြင့် ယခု အကြိမ် မြန်မာ နိုင်ငံ သို့ လာရောက်စဉ် အတွင်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း ၊ အထည်ချုပ် လုပ်ငန်း ဆိုင်ရာ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်း နှင့် အထည်ချုပ် လုပ်ငန်း စီမံခန့်ခွဲမှု နှင့် လူမှုရေး တာဝန်ယူမှု ဆိုင်ရာ သင်တန်း ပို့ချမှု များ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.