Connect with us

Asia

မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း ဇာဟစ်ကို လာဘ်စားမှု၊ ငွေကြေးခဝါချမှုများဖြင့် တရားစွဲခံရ

မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း အာမတ် ဇာဟစ် ဟမ်မစ်ဒီအား တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း အာမတ် ဇာဟစ် ဟမ်မစ်ဒီ (Ahmad Zahid Hamidi) သည် လာဘ်စားမှု၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုနှင့် ငွေကြေးခဝါချမှုများအပါအဝင် အမှုပေါင်း ၄၀ ကျော်ဖြင့် အောက်တိုဘာလ ၁၉ ရက်က တရားစွဲခံထားရကြောင်း သိရသည်။

ဇာဟစ်သည် အစိုးရ e-service provider MyEG နှင့် အခြားသော နှင့် ဆက်စပ်သော ကုမ္ပဏီများနှင့် တစ်ဦးချင်းစီမှ လာဘ်ငွေများကို လက်ခံခဲ့ခြင်းကြောင့် တရားစွဲခံရခြင်း ဖြစ်သည်။

ဇာဟစ်၏ မိသားစုမှ လုပ်ကိုင်သော ပရဟိတဖောင်ဒေးရှင်းတစ်ခုက ရန်ပုံငွေကို အလွဲသုံးစားပြုကြောင်း စွပ်စွဲခံရခြင်းကြောင့် ယုံကြည်မှု အလွဲသုံးစားပြုမှုနှင့် အစိုးရရှေ့နေများက ၎င်းကိုတရားစွဲခဲ့ခြင်း ဖြစ်သည်။

ဇာဟစ်သည် ယုံကြည်မှုကို အလွဲသုံးစားပြုမှု ၁၀ မှု၊ လာဘ်ငွေလက်ခံမှု ၈ မှု၊ ငွေကြေး ရင်းဂစ် ၁၁၄ သန်း (အမေရိကန်ဒေါ်လာ ၂၇ သန်း) ပါဝင်သော ငွေကြေးခဝါချမှု ၂၇ မှု အပါအဝင် အမှုပေါင်း ၄၅ မှုဖြင့် တရားရင်ဆိုင်နေရသည်။

ယခုလို စွပ်စွဲချက်များအားလုံး၌ အပြစ်မရှိကြောင်း ဇာဟစ်က ကွာလာလမ်ပူတရားရုံးတွင် ငြင်းဆိုထားပြီး အာမခံရရှိထားကြောင်း သိရသည်။

လက်ရှိ အတိုက်အခံခေါင်းဆောင်အဖြစ် တာဝန်ယူနေသည့် အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဇာဟစ်သည် မေလအတွင်းက အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ အာဏာရပါတီ ရှုံးနိမ့်ပြီးနောက် အာဏာရ United Malay National Organization (UMNO) ဥက္ကဋ္ဌအဖြစ် အစားထိုးလာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.