Connect with us

Videos

မြန်မာနိုင်ငံရှိ လုပ်ငန်း ကုမ္ပဏီ များ လူမှုရေး တာဝန်ယူမှု အတွက် CNTAC သင်တန်းပို့ချ

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ကုမ္ပဏီ များ လူမှုရေး တာဝန်ယူမှု နှင့် အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး တွန်းအားပေး ဆောင်ရွက်ရန် အတွက် တရုတ် နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ် (China National Textile And Apparel Council CNTAC) က အောက်တိုဘာ ၁၈ ရက် နှင့် ၁၉ ရက် တို့တွင် ရန်ကုန် မြို့ ၌ သင်တန်း ပို့ချခဲ့သည်။

CNTAC မှ ပို့ချပေးသည့် သင်တန်း အား အောက်တိုဘာ ၁၈ ရက် တွင် ရန်ကုန်ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) ရုံး တွင် စတင်ဖွင့်လှစ် ခဲ့သည်။ အခမ်းအနားတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က ယခု ပြုလုပ်ပေးသည့် သင်တန်း က မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ လူမှုရေးတာဝန်ယူမှု နှင့် ပတ်သက်၍ ပိုမို သိရှိနားလည်လာပြီး ကောင်းမွန်သည့် တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပုံရိပ် ဖြစ်တည်စေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က MGMA အနေဖြင့် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် အတူတကွ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမနီ နိုင်ငံ သံရုံး စီးပွားရေး သံမှူး Dr.Katharina Spiess က တရုတ် နိုင်ငံ လုပ်ငန်းရှင်များ အနေဖြင့် မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် အတွက် သင်တန်း ပို့ချမှု များ ဆောင်ရွက်ခြင်း ကို ဂျာမနီ နိုင်ငံ အနေဖြင့် ထောက်ခံအားပေးကြောင်း ၊ ယခု ပြုလုပ်ပေးသည့် သင်တန်း မှ တစ်ဆင့် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ကဏ္ဍ အလုပ်သမားများ၏ လူနေမှုဘဝ ကို ပိုမို အဆင့်မြှင့်တင် ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

CNTAC အနေဖြင့် ယခု ဖွင့်လှစ်သည့် သင်တန်း အား CECCM ၊ Ethical Trading Initiative ၊ German Cooperation နှင့် SMART Myanmar စသည့် အဖွဲ့အစည်း များ နှင့် ပူးပေါင်းဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး သင်တန်း ပို့ချစဉ် အတွင်း တရုတ် နိုင်ငံ အထည်ချုပ်လုပ်ငန်းများ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တွင် တာဝန်ယူမှုရှိသည့် လုပ်ငန်း ဖြစ်တည်ရန် အတွက် လမ်းညွှန်မှုများ ၊ CSR လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ ၊ လုပ်ငန်းအတွင်း အမျိုးသား/အမျိုးသမီး တန်းတူညီမျှမှု နှင့် လူမှုရေး တာဝန် တို့အား တွန်းအားပေး ဆောင်ရွက်ရေး ၊ မြန်မာ နိုင်ငံ စီးပွားရေး ပတ်ဝန်းကျင် နှင့် ပတ်သက်၍ မူဝါဒ ၊ ဥပဒေ နှင့် စီမံခန့်ခွဲမှု စနစ် ၊ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာ တွင် သက်ဆိုင်သည့် ဥပဒေများ ၊ မြန်မာ နိုင်ငံ ယဉ်ကျေးမှု ကို အခြေခံသည့် ဆက်ဆံမှု နှင့် စီမံခန့်ခွဲမှု စနစ် ၊ မြန်မာ နိုင်ငံ ရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အလုပ်ရှင်အလုပ်သမား အကြား ဆက်ဆံရေး တွန်းအားပေး ဆောင်ရွက်မှု ၊ ETI ၏ အခြေခံ ကျင့်ဝတ် နှင့် လူမှုရေး တာဝန်ယူမှု သတ်မှတ်ချက် များနှင့် ပတ်သက်၍ သင်တန်း ပို့ချမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.