ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် မြန်မာ နိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ လျာထားချက် ပြည့်မီရေး အတွက် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ဝင်ရောက်ရန် လိုအပ် နေသေးကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဘူဒါဘီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများ ပြည်ထောင်စုက ၂၁၁၇ ခုနှစ်တွင် အင်္ဂ ါ ဂြိုဟ် (Mars) ပေါ်တွင် မြို့တစ်မြို့ တည်ဆောင်ရန် စီစဉ်ထားကြောင်း ကြေညာလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းမှုအား ဖြေရှင်းရန် ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် Water Taxi များအား ယခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စတင်ပြေးဆွဲနိုင်ရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆင်ဟွာကိုပြောသည်။
ဗြူနိုအဲရစ် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ချီလီနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အာဂျင်တီးနားနိုင်ငံ အလယ်ပိုင်း Mendoza ပြည်နယ်၌ ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းက ဘတ်စ်ကားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၉ ဦးသေဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
Shibeghan ၊ အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းဒေသတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းခြင်းနှင့် အအေးလွန်သည့် ရာသီဥတု အခြေအနေများကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ကလေးငယ် ၂ ဦး အပါအဝင် လူပေါင်း ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့...