Connect with us

Asia

ဖိလစ်ပိုင်တောင်ပိုင်းတွင် ပေါက်ကွဲမှုကြောင့် လူ ၁ဦးသေ၊ ၃၃ဦး ဒဏ်ရာရရှိ

ဖိလစ်ပိုင်နိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Sultan Kudarat ပြည်နယ် တွင် သြဂုတ် ၂၈ ရက် ညပိုင်းက အိမ်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ တစ်ဦး သေဆုံးပြီး အခြားလူ ၃၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Sultan Kudarat ပြည်နယ် ရဲချုပ် Noel Kinazo က အိမ်လုပ်ဗုံးသည် Isulan အမည်ရှိ မြို့တစ်မြို့ ၏အဝေးပြေးလမ်းမပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်အရှေ့တွင် ဒေသစံတော်ချိန် ည ၈း၃၅နာရီ နှင့် ည ၉နာရီ အကြားဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

Kinzao က ဒဏ်ရာရရှိသူ ၃၃ဦး အနက် အနည်းဆုံး ၂ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံတစ်ခု နှင့် ဆေးခန်းတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံများ ပွဲတော်တစ်ခု ကျင်းပနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲချုပ်ကပြောကြားခဲ့သည်။

၎င်းက စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.