လန်ဒန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ကမ္ဘာ့ဂန္တဝင် လက်ဝှေ့ကျော် မိုဟာမက်အလီမှ လက်မှတ်ရေးထိုးပြီး နဲလ်ဆင်မင်ဒဲလားထံ ပေးစာတစ်စောင်ကို စတာလင်ပေါင် ၇၂ဝဝ ( အမေရိကန်ဒေါ်လာ ၈၉၉၉ ) ဖြင့် ဗြိတိန်နိုင်ငံ Devizes မြို့၌ပြုလုပ်သော လေလံပွဲတစ်ခုတွင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှု ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။
တိုကျို၊ ဒီဇင်ဘာ ၁၈ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးခရိုင် ရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့၍ ဒီဇင်ဘာ ၁၇ရက်မှစတင်ကာ ကြက်ကောင်ရေ ၂၁၀,၀၀၀ သုတ်သင်ခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နှင့် တာချီလိတ်မြို့တို့၌ လက်နက်၊ ခဲယမ်းများနှင့် ငွေကျပ်သိန်း ၆၇,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကွန်ဟိန်းမြို့မရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်နေ့(ဆင်ဟွာ) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ KIA၏ အမာခံတပ်စခန်းများဖြစ်သော ဂီဒုန်နှင့် လိပ်ပြာကုန်း စခန်းများကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက် သေဆုံးဒဏ်ရာရရှိမှု များပြားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။