Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မဘိမ်းမြို့နယ်တွင် ဘိန်းဖြူ ၃.၅၆၁ ကီလို နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၅၈၄,၉၇၄ ပြားတို့ကို သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးများ နှင့် အတူဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မဘိမ်းမြို့နယ်တွင် ဘိန်းဖြူ ၃.၅၆၁ ကီလို၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၅၈၄,၉၇၄ ပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၄ ရက်နေ့ ၀၄း၀၀နာရီ အချိန် တပ်မတော်က မဘိမ်းမြို့နယ်၊ လဝါကျေးရွာ၊ ဒေသအခေါ်ကျောက်လုံးကြီးနေ ချွာသား(ခ)ဆွမ်သား၏ ယာယီမိုးကာတဲကိုစစ်ဆေးရာ တဲအနီးရှိ ဝါးရုံပင်အောက်၊ သစ်လုံးများအောက်နှင့် တဲအတွင်းရှိကြမ်းခင်းအောက်တို့မှ ဆပ်ပြာခွက် ၃၅၆ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၃.၅၆၁ ကီလို၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၅၈၄,၉၇၄ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ချွာသား(ခ)ဆွမ်သား (၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.