ဆိုးလ်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ရေတပ်အခြေစိုက်စခန်း တစ်ခုရှိ ရေငုပ်သင်္ဘောပြုပြင်ရေးသင်္ဘောကျင်းတစ်ခု ၌ သြဂုတ်လ ၁၆ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ လူတစ်ဦး သေဆုံးပြီး အခြားလူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Yonhap သတင်းဋ္ဌာနက တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဋ္ဌာန၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) နယ်စည်းမခြားဆရာဝန်များအဖွဲ့မှ ဖွင့်လှစ်ထားသော ယီမင်နိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးဆေးရုံအား လေကြောင်းမှ တိုက်ခိုက်ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း နှင့် အဖွဲ့အစည်းအသီးသီးအနေဖြင့် ရန်လိုမှုကိုအဆုံးသတ်ကြရန် နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရးမှူးချုပ် ဘန်ကီမွန်းက သြဂုတ်လ ၁၆ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ခတ္တမန္ဒူ ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၌ သြဂုတ်လ ၁၅ရက် နံနက်ပိုင်းက ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ လူ ၂၉ ဦးသေဆုံးပြီး ၇၂ ဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။
ဟာဗားနား၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ကျူးဘားလူမျိုး ထောင်ပေါင်းများစွာသည် သြဂုတ်လ ၁၃ ရက်နေ့က မြို့တော် ဟာဗားနားတွင် ကျင်းပသည့် တော်လှန်ရေးခေါင်းဆောင်နှင့် သမ္မတဟောင်း ဖီဒဲကတ်စထရို၏ အသက် ၉ဝ နှစ်ပြည့်မွေးနေ့ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။ ပွဲတော်အတွင်း ပန်းမန်အလှပြပွဲများ နှင့် ဖျော်ဖြေရေးတီးဝိုင်းများ၊ အကအလှအဖွဲ့များက ပျော်ရွှင်စွာ...
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)ယနေ့ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးတွင် ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်ရေးအတွက် တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် ယုံကြည်မှု၊ ညီညွတ်မှုတို့ဖြင့် ဝိုင်းဝန်းကူညီကြရန် နိုင်ငံတော် ၏ အတိုင်ပင်ခံ...