Connect with us

Politics, Law & Military

မြောက်ဥက္ကလာပမြို့နယ်၌ ငါးလုံးပြူးသေနတ် ၁ လက်နှင့် ကျည် ၇ တောင့် သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သေနတ် နှင့် ကျည်တောင့်များအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ငါးလုံးပြူးသေနတ် ၁ လက်နှင့် ကျည် ၇ တောင့် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် ဝရး၀၀ နာရီ အချိန် မြောက်ဥက္ကလာပ မြို့နယ် (၂)ရပ်ကွက် အာသာဝတီကျောင်းတိုက်ဝင်းအတွင်းရှိ ခေမာသီ ဝံစာသင်တိုက်ကျောင်းသံပန်းတံခါးရှေ့၌ ကျောင်းသားဖြစ်သူ မောင်မောင်သန့်(၁၉)နှစ်သည် ကျောင်းတံခါးဖွင့်စဉ် ကြွပ်ကြွပ်အိတ်အနက်ဖြင့် ထုတ်ထားသော အမေရိကန်နိုင်ငံလုပ် 266392 နံပါတ်ပါ Smith & Wesson အမျိုးအစား ငါးလုံးပြူး သေနတ် ၁ လက်နှင့် ၎င်းကျည် ၇ တောင့်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းမှ အကြောင်းကြားလာသဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်း တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့ သွားရောက်၍ သေနတ်အားသိမ်းဆည်း ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.