ကွေ့ကျိုး၊ မတ် ၁၃ (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုတ်ကို တပ်ဆင်လျက်ရှိသည်။ ကွေ့ကျိုး တောင်တန်းများပေါ်တွင်တည်ရှိသည့် အဆိုပါ ရေဒီယို တယ်လီစကုတ်မှာ အကျယ်အဝန်းအနေဖြင့် ဘောလုံးကွင်း ၃ဝ စာခန့်ရှိသည်။ ယခုတွင် အဆိုပါ တယ်လီစကုတ် တည်ဆောက်ခြင်း လုပ်ငန်းမှာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်သည်။ စက်တင်ဘာလတွင် အချောသတ်ပြီးစီးနိုင်ရန် အဆိုပါ...
နယူးယောက်၊ မတ် ၁၃ (ဆင်ဟွာ) အသက် ၉ နှစ်မှ ၁၄ နှစ်အရွယ်ကျောင်းသားများ ပါဝင်သည့် ပထမဆုံးအကြိမ် လီဂိုတုံးများဖြင့် ပြုလုပ်သည့် စက်ရုပ်များပြိုင်ပွဲကို မတ်လ ၁၂ ရက်နေ့က နယူးယောက်တွင်ကျင်းပခဲ့သည်။ ကျောင်းသားလေးများမှ လီဂို နည်းပညာများကို အသုံးပြုကာ စက်ရုပ်ဒီဇိုင်းများရေးဆွဲ ပြီး လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ (Xinhua)
ရန်ကုန်၊မတ် ၁၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပပြုလုပ်မည့် (၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအလွတ်သဘောအစည်းအဝေး (13th ACDFIM) သို့ တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
မီလန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ မြောက်ပိုင်းဒေသ ထရန်တီနို အယ်လ်တို အာဒ်ချ်၌ မတ်လ ၁၂ ရက်က ရေခဲတောင် ပြိုကျမှု ကြောင့် နှင်းလျှောစီးသူ အနည်းဆုံး ၆ ဦး သေဆုံးပြီး ပျောက်ဆုံးသူ အရေအတွက်မှာမူ မသိရသေးကြောင်း ဒေသခံ မီဒီယာများက...
ဂျကာတာ၊ မတ် ၁၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်း ဒေသ၌ ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကာ ၃ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း လူပေါင်း ၃၀၀၀ ကျော်မှာ နေအိမ် စွန့်ခွာထွက်ပြေးခဲ့ရကြောင်း မတ်လ ၁၃ ရက်တွင်...