Connect with us

Latin America

ဗင်နီဇွဲလား ရဲစခန်းတွင် အဓိကရုဏ်းဖြစ်၊ မီးလောင်မှု ဖြစ်ပွား၊ လူ ၆၈ ဦး သေဆုံး

ဗင်နီဇွဲလားနိုင်ငံတွင် ရဲနှင့် အဓိကရုဏ်းဖြစ်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အလယ်ပိုင်း Valencia မြို့က ရဲစခန်းတစ်ခုရှိ ရဲအချုပ်အတွင်း အဓိကရုဏ်းနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆၈ ဦး သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံ တာဝန်ရှိသူများက မတ်လ ၂၈ ရက်က ပြောကြားလိုက်သည်။

သေဆုံးသူများအနက် ၆၆ ဦးက အမျိုးသားများဖြစ်ပြီး ၂ ဦးက အမျိုးသမီးများ ဖြစ်ကြောင်း ရဲအချုပ်တွင် တစ်ညတာ ထိန်းသိမ်းထားသူများ ဖြစ်ကြောင်း ရှေ့နေချုပ် Tarek William Saab က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားခြင်းအား စုံစမ်းစစ်ဆေးရန် ချက်ချင်း လုပ်ဆောင်ခဲ့ပြီး ရှေ့နေ လေးဦးကို တာဝန်ပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.