Connect with us

Europe

အီတလီရဲတပ်ဖွဲ့မှ အကြမ်းဖက်သမားဟု သံသယရှိသူ ၂ ဦးအား ယခုရက်ပိုင်းများတွင် ဆက်တိုက် ဖမ်းဆီးရမိ

အီတလီ မီလန်ဘုရားရှစ်ခိုးကျောင်းအနီးတွင် လုံခြုံရေးများတိုးမြှင့်ချထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ မတ်လ ၂၉ရက်(ဆင်ဟွာ)

IS အစွန်းရောက်အဖွဲ့အစည်းနှင့်ပတ်သတ်နေသည့် မော်ရိုကို အမျိုးသားတစ်ဦးကို မတ်လ ၂၈ ရက်နေ့က အီတလီမြောက်ပိုင်း တူရင်းမြို့တွင် ဖမ်းဆီးခဲ့ပါသည်။

ထိုနေ့က ဖမ်းဆီးရမိသူ အမျိုးသားမှာ မော်တော်ယာဉ်တစ်စီးအားတိုက်ခိုက်ရန် စီစဉ်နေပြီး တကိုယ်တည်း လှုပ်ရှားနေကာ အကြမ်းဖက်သမားများကို ဆက်သွယ်ချိတ်ဆက်နေသည်ဟု အီတလီ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်း အမျိုးသားကို ဖမ်းဆီးပြီးနောက် နိုင်ငံတော် အကြမ်းဖက်နှိမ်နှင်းမှု မဟာဗျူဟာဆန်းစစ်ရေးကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပခဲြ့ပီး လူသူစုဝေးသောနေရာများတွင် လုံခြုံရေးတိုးမြှင့်ချထားရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း၊ ယခုအခါ အကြမ်းဖက်အန္တရာယ်အလွန်ဆိုးဝါးနေဆဲဖြစ်ရာ အစိုးရသစ်က နိုင်ငံအတွင်းမှ အကြမ်းဖက်သမားများကို ဆက်လက်ဖယ်ရှားရန် မျှော်လင့်ကြောင်း အီတလီ ပြည်ထဲရေးဝန်ကြီး Minniti က ဆိုသည်။

မတ်လ ၂၇ ရက်နေ့က အီတလီ အရှေ့တောင်ပိုင်း Foggia မြို့တွင် အီဂျစ်လူမျိုးအီတလီနိုင်ငံသား ကျောင်း ဆရာတစ်ဦးက ကျောင်းသားများကို ဘာသာရေးအတွက်စတေးကြရန် တိုက်တွန်းလှုံ့ဆော်သောကြောင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ ထိုသို့ မဖမ်းဆီးမီ မြို့တော်ရောမ အပါအဝင် မြို့အတော်များများတွင် ဗုံးအန္တရာယ် သတင်းများပြန့်လွင့်နေသောကြောင့် အများပြည်သူ စိုးရိမ်မကင်း ဖြစ်နေရခဲ့သည်။

ယခုအခါတွင် ဥရောပတိုက်တခွင်လုံး အကြမ်းဖက်တိုက်ဖျက်ရေးအခက်အခဲများနှင့်ရင်ဆိုင်နေရပြီး အီတလီ တွင် ဒုက္ခသည်ပြဿနာ ၊ အလုပ်လက်မဲ့ပြဿနာများကြောင့် လုံခြုံရေးအခြေအနေဆိုးဝါးလျက်ရှိသည်။ မတ်လ ၄ ရက်က လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်နေရာ အရေအတွက် အများစုရရှိသည့်ပါတီနှင့် အစိုးရဖွဲ့စည်းနိုင်မည့် ပါတီမျိုးစုံမှ ကိုယ်စားလှယ်များ ပါဝင်သော ညွှန်ပေါင်းအစိုးရ ပေါ်ထွက်လာခြင်း မရှိသောကြောင့် ဆွေးနွေးမှုညှိနှိုင်းမှုများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.