Connect with us

Africa & Middle East

ဆူဒန်အစိုးရစစ်တပ်က အပစ်ခတ်ရပ်စဲရေးကာလကို ၃ လ တိုးမြှင့်ရန် တစ်ဖက်သက် ထပ်မံ ဆုံးဖြတ်

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဆူဒန်အစိုးရတပ်က သိမ်းဆည်းရမိသော လက်နက်များ ကို နေရာချထားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ခါတွန် ၊ မတ်လ ၂၉ ရက်(ဆင်ဟွာ)

ဆူဒန်ရှိ ပဋ္ဋိပက္ခဖြစ်ပွားနေသောနယ်မြေများအားလုံးတွင် ဆူဒန်အစိုးရစစ်တပ်က အပစ်ခတ်ရပ်စဲရေးကာလကို ၂၀၁၈ခုနှစ် ဇွန်လ ၃၀ ရက်အထိ ၃လ ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ဆူဒန်သမ္မတ Omar al-Bashir က မတ်လ ၂၈ရက်နေ့တွင် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည်။

ဆူဒန်အစိုးရစစ်တပ်မှာ ၂၀၁၁ ခုနှစ်မှစတင်၍ အတိုက်အခံ အဖွဲ့အစည်းဖြစ်သည့် Sudan People’s Liberation Movement(SPLM-N) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းတွင် ပဋ္ဋိပက္ခများ လုံး၀ ချုပ်ငြိမ်းသွားရန်နှင့်ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်ရန် သမ္မတ Omar al-Bashirက တစ်နိုင်ငံလုံးအတိုင်း အတာအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လတွင် ဆူဒန်အစိုးရစစ်တပ်က ၄ လ အပစ်ခတ်ရပ်စဲမည်ဟု Omar al-Bashirက ထုတ်ပြန်ခဲ့ သည်။ ထို့နောက် ဆူဒန်အစိုးရက အပစ်ခတ်ရပ်စဲရေးကာလကို တစ်ဖက်သက် အကြိမ်ပေါင်းများစွာ တိုးမြှင့်ခဲ့ ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.