မနီလာ ၊ ဇန်နဝါရီလ ၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုအား သေနတ်သမားတစ်ဦးက ဇန်နဝါရီလ ၄ ရက် နံနက်အစောပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကျဉ်းသား ၁၅ဝ ဦးကျော် ထွက်ပြေးလွတ်မြောက်သွားကြောင်း တာဝန်ရှိသူများက ပြောသည်။
နေပြည်တော်၊ ဇန်နဝါရီ ၄ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံးက မျက်မှောက်ပြု ကြရန်အထူးအရေးကြီးဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသိုပေးပို့သောသဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) အစိုးရသစ် လက်ထက် ပထမဆုံး ကျင်းပသည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား ရန်ကုန်မြို့၌ လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင် တည်ရှိရာ မဟာ ဗန္ဓုလ ပန်းခြံ၌ ယနေ့ဇန်နဝါရီ ၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။