Connect with us

Asia

တောင်ကိုရီးယား က အဆိုပြုသည့် အဆင့်မြင့်အစည်းအဝေးပွဲအား မြောက်ကိုရီးယားလက်ခံ

ပန်မွန်ဂျုံအပစ်အခတ်ရပ်စဲရေးရွာရှိ ငြိမ်းချမ်းရေး အဆောက်အအုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

လာမည့် အပတ်တွင် အကြီးတန်းအဆင့် နှစ်နိုင်ငံ အစိုးရစကားဝိုင်း ကျင်းပရန် တောင်ကိုရီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြောက်ကိုရီးယားနိုင်ငံက လက်ခံခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာန၏ ပြောရေးဆိုခွင့်ရှိသူ Baek Tae-hyun က မြောက်ကိုရီးယားနိုင်ငံ မှ တောင်ကိုရီးယားဘက်သို့ ဒေသစံတော်ချိန် နံနက် ၁၀း၁၆နာရီတွင် ပန်မွန်ဂျုံအပစ်အခတ်ရပ်စဲရေးရွာရှိ ဆက်သွယ်ရေးလိုင်းမှ တစ်ဆင့် အကြောင်းကြားလာခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းအကြောင်းကြားမှုတွင် ပန်မွန်ဂျုံရွာ၌ တောင်ကိုရီးယားနိုင်ငံ က ထိန်းချုပ်ထားသည့် ငြိမ်းချမ်းရေး အဆောက်အအုံ၌ ဇန်နဝါရီ ၉ ရက်တွင် အဆင့်မြင့်အစည်းအဝေးပွဲ ပြုလုပ်ရန်အဆိုကို မြောက်ကိုရီးယားနိုင်ငံ က လက်ခံပါကြောင်း ပါရှိသည်။

မြောက်ကိုရီးယားနိုင်ငံသည် အကြောင်းကြားမှုအား အဖမြေငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးဆိုင်ရာ မြောက်ကိုရီးယား ကော်မတီ အကြီးအကဲ၏ အမည်ဖြင့် တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဋ္ဌာန ဝန်ကြီးထံပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.