Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၃၆ ဦး သေဆုံး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် နိုင်ငံ တွင် ဇန်နဝါရီ ၄ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ဗုံးဖောက်ခွဲမှု အပြီး ပျက်ဆီးမှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် ဇန်နဝါရီ ၄ ရက်နေ့၌ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန် အများပြည်သူ ကျန်းမာရေး ဌာန ၏ ပြောကြား ချက်အရ သိရှိခဲ့ရသည်။

ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မှ ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက်အရ သေဆုံးသူ ၁၁ ဦး အနက် ၅ ဦး မှာ ရဲတပ်ဖွဲ့ဝင် များဖြစ်ပြီး ဒဏ်ရာရရှိသူ အချို့မှာ စိုးရိမ်ရ သဖြင့် သေဆုံးသူ စာရင်း မြင့်တက်လာ နိုင်ကြောင်း သိရှိရသည်။

ဗုံးဖောက်ခွဲမှု ကို ကြုံတွေ့ခဲ့ရသူ တစ်ဦး ၏ ပြောကြားချက်အရ ဗုံးဖောက်ခွဲမှု သည် ၂၀ နာရီ ၄၅ မိနစ် ခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်ပွား စဉ် ရဲတပ်ဖွဲ့ က ဆေးချောက် နှင့် အရက် ရောင်းသည့် ဆိုင်အား ပိတ်သိမ်းနေစဉ် အတွင်း ဗုံးဖောက်ခွဲသူ က လူအုပ် အတွင်း ဝင်ရောက် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၇ ခုနှစ် နှစ်ကုန် ပိုင်းတွင် အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် တွင် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွား ခဲ့ပြီး အဆိုးရွားဆုံး တစ်ခု အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်နေ့၌ IS အစွန်းရောက် အဖွဲ့အစည်း က ဆောင်ရွက်ခဲ့သည့် တိုက်ခိုက်မှုတွင် လူပေါင်း ၄၁ ဦး သေဆုံးခဲ့ပြီး ၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.