Connect with us

Africa & Middle East

အမေရိကန်သည် ပါကစ္စတန်သို့ လုံခြုံရေး အထောက်အပံ့များ ရပ်ဆိုင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Heather Nauert အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ပါကစ္စတန်နိုင်ငံသို့ ပံ့ပိုးပေးနေသည့် လုံခြုံရေးဆိုင်ရာ အထောက်အပံ့များကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၄ရက်တွင်ကြေညာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Heather Nauert က လုံခြုံရေးနှင့် ဆက်နွယ်နေသည့် အထောက်အပံ့များ၏ စုစုပေါင်းတန်ဖိုးအတိအကျကို သိရှိရန်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် အိမ်ဖြူတော် တို့သည်၂၀၁၈ခုနှစ် အစပိုင်းကတည်းက ပါကစ္စတန်နိုင်ငံအပေါ်အနုတ်သဘောဆောင်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများတွင် ပါကစ္စတန်နိုင်ငံက လုံလောက်စွာပါဝင်ထောက်ပံ့ပေးမှုမရှိဘဲ အမေရိကန်နိုင်ငံက အလိုရှိနေသည့် အကြမ်းဖက်သမားများအတွက် လုံခြုံစိတ်ချသည့်ခိုလှုံရာနေရာများကို ဖန်တီးပေးနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံက ၎င်း၏ အရှေ့တောင်အာရှ မဟာဗျူဟာသစ်ကို ထုတ်ပြန်ခဲ့ပြီး ပါကစ္စတန်သို့ အမေရိကန်ဒေါ်လာ ၂၅၅ဘီလီယံ တန်ဖိုးရှိသည့် စစ်ရေးအထောက်အပံ့များပေးအပ်ခြင်းကို ရပ်ဆိုင်းလိုက်သည်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေးတွင် အဖုအထစ်များရှိလာကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်နိုင်ငံသည် ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ပြီး ပါကစ္စတန်သည် မည်သည့်ခွဲခြားမှုမျှမရှိဘဲ စစ်သွေးကြွအုပ်စုအားလုံးကို ဆန့်ကျင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း နှင့် အမေရိကန်နိုင်ငံက ပါကစ္စတန်နိုင်ငံ၏ အနစ်နာခံဆောင်ရွက်မှုများကိုလည်း လျစ်လျူရှုထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.