ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ဆိုင်ရာ ကော်မတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များမှ ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးသူများစခန်း (IDP) ကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ဆွေးနွေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဘူဂျာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံမှ ရေနံပေါများစွာ ထွက်ရှိသည့် Rivers ပြည်နယ်တွင် ဇန်နဝါရီလ ၁ ရက် အစောပိုင်းက သန်းခေါင်ယံ ဝတ်ပြုဆုတောင်းပွဲမှ ပြန်လာသူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ဝတ်ပြုဆုတောင်းသူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဦးက...
ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Bac Ninh ပြည်နယ် တွင် ဇန်နဝါရီ ၃ရက် နံနက်ပိုင်းက ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ်၂ဦးသေဆုံးပြီး လူ ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အာဏာပိုင်များက ကြေညာခဲ့သည်။
နယူးယောက်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ Bronx ခရိုင် တွင် လွန်ခဲ့သော ရက်အနည်းငယ်က မီးလောင်မှုကြောင့် လူ ၁၂ဦးသေဆုံးခဲ့ပြီးမကြာခင် ဇန်နဝါရီ ၂ ရက်တွင် အလားတူခရိုင်၌ပင် အဆောက်အအုံတစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့၍ အနည်းဆုံးလူ ၂၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တော ကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၈.၃၁၁သန်းအထိ မြင့်တက်ခဲ့ကြောင်း မောင်တော ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရသည်။