Connect with us

Politics, Law & Military

IDP စခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေး

IDP စခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ဆိုင်ရာ ကော်မတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များမှ ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးသူများစခန်း (IDP) ကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ဆွေးနွေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂ဝ၁၂ ခုနှစ်က တည်ရှိခဲ့သော IDP စခန်းများသည် ဘေးဖြစ်စဉ်များကြောင့် ခေတ္တနေထိုင်ရာ စခန်းများသာ ဖြစ်သင့်သော်လည်း ယခုအခါ ငါးနှစ်ကျော်ကြာ တည်ရှိခဲ့ပြီဖြစ်ကြောင်း၊ IDP စခန်းတွင် နေထိုင်ကြရသူများ သွားလာခွင့်နှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများကို ရေရှည်မှီခို ခြင်းထက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီခြင်း သည် ၎င်းတို့အတွက် ပိုမို၍ အကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် IDP စခန်း၌ နေထိုင်သူများ၏ ဥပဒေနှင့်အညီ ပူးပေါင်းပါဝင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် IDP စခန်းတွင် နေထိုင်သူများက လက်ရှိစခန်းကို ပိတ်သိမ်းပြီး သင့်တော်သော ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးသဘောတူညီချက်များ ရယူခဲ့ပြီး အသေးစိတ် အချက်အလက်အား ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန် ရှိသူများနှင့် သက္ကေပြင် IDP စခန်းမှ စခန်းစီမံ ခန့်ခွဲမှု ကော်မတီဝင်များက သက္ကေပြင် IDP စခန်း ပြန်လည် နေရာချထားရေးနှင့် ပတ်သက်၍ IDP စခန်း၏ လက်ရှိအခြေအနေ၊ ပြန်လည် နေရာချထားရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များနှင့် လွတ်လပ်စွာ သွားလာခွင့်ကိစ္စရပ် များကို အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.