Connect with us

Europe

နယူးယောက်မြို့ တွင် မီးလောင်မှုကြောင့် လူ ၂၃ဦး ဒဏ်ရာရ

နယူးယောက်မြို့ Bronx ခရိုင်တွင် ဖြစ်ပွားနေသည့် မီးလောင်မှုအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Bronx ခရိုင် တွင် လွန်ခဲ့သော ရက်အနည်းငယ်က မီးလောင်မှုကြောင့် လူ ၁၂ဦးသေဆုံးခဲ့ပြီးမကြာခင် ဇန်နဝါရီ ၂ ရက်တွင် အလားတူခရိုင်၌ပင် အဆောက်အအုံတစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့၍ အနည်းဆုံးလူ ၂၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၁၅၄၇ ဓနသဟာရရိပ်သာ ရှိ သုံးထပ်အဆောက်အအုံတွင် ဇန်နဝါရီ ၂ရက် နံနက်အစောပိုင်း က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာသို့ မီးသတ်ဝန်ထမ်း ၂၀၀ကျော် စေလွှတ်ပေးခဲ့ကြောင်း နယူးယောက်မြို့ မီးသတ်ဋ္ဌာနက ပြောကြားခဲ့သည်။

မီးသတ်ဋ္ဌာနက ဒဏ်ရာရရှိမှုသူများအနက် ၂၂ဦးမှာ အရပ်သားများဖြစ်ပြီး ကျန်တစ်ဦးမှာ မီးသတ်ဝန်ထမ်းဖြစ်ကြောင်း နှင့် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ရက်က Bronx တိရစ္ဆာန်ရုံအနီးရှိ လူနေအဆောက်အအုံတစ်လုံးမီးလောင်ခဲ့မှု၌ လူ ၁၂ဦးသေဆုံးခဲ့ပြီး ဆယ်စုနှစ်၏ လေးပုံတစ်ပုံအတွင်း အဆိုးရွားဆုံးမီးလောင်မှုဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန် Bill de Blasio ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.