Connect with us

Local

မောင်တောကုန်သွယ်ရေးဇုန် ပို့ကုန်ပမာဏဒေါ်လာ ၂သန်းကျော် မြင့်တက်

မောင်တောကုန်သွယ်ရေး စခန်းအားတွေ့ရစဉ်(ဓာတ်ပုံ- စီးပွားကူးသန်း)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တော ကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၈.၃၁၁သန်းအထိ မြင့်တက်ခဲ့ကြောင်း မောင်တော ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ မောင်တောကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၈.၃၁၁သန်း ရှိခဲ့ကြောင်း ပြီးခဲ့သည့် ဘဏ္ဍာနှစ် တစ်နှစ်လုံး ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၅.၉၁၈ သန်းထက် ၂.၃၆၆သန်း ပိုမိုကြောင်း သိရသည်။

လက်ရှိတွင် ဘတ်ဂျက်လကုန်ရန် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ သုံးလကျန်ရှိနေသဖြင့် မောင်တောကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏသည် သုံးဆနီးပါး မြင့်တက်လာနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။

မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အဓိက ပို့ကုန်များဖြစ်သော ဆန်၊ ဂျင်း၊ နနွင်း၊ လဲမှို့၊ ကြက်သွန်ဖြူနှင့် ရေထွက်ပစ္စည်းများအနေဖြင့် ငါး၊ ပုဇွန်နှင့် ငါးခြောက်တို့ တင်ပို့ကြောင်း၊ သစ်တောထွက် ပစ္စည်းများအဖြစ် ဝါး၊ကြိမ်တို့ကို အဓိက တင်ပို့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117