အန်ကာရာ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ တောင်ပိုင်း အက်ဒါနာ ပြည်နယ် ရှိ ရဲစခန်းအနီး၌ ဒီဇင်ဘာ ၂၈ရက် နှောင်းပိုင်းတွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပြည်တွင်း ဒိုဂန်သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ရောမ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအား မတ်လ ၄ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် Paolo Gentiloni ၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်ဟိုင်ပြည်နယ် တွင် မားစ်ဂြိုလ်၏ ပတ်ဝန်းကျင်အခြေအနေ ကို တုပ၍ ရွာတစ်ရွာကို တည်ဆောက်နေကြောင်း သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှ်ထရာပြည်နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဂျေရုစလင် ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က ဒီဇင်ဘာ ၂၇ ရက်နေ့၌ အစ္စရေး နိုင်ငံ အနေဖြင့် အစ္စရေး နိုင်ငံ အား အပြတ်ချေမှုန်း မည်ဆိုသည့် လက်နက်များ ထုတ်လုပ်မှု နှင့်...