Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၇ ဦး သေဆုံး

အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှ်ထရာပြည်နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“မဟာရတ်ရှ်ထရာပြည်နယ် နာရှစ်ခရိုင်က Malegaon-Satana လမ်းပေါ်က Shemli ကျေးရွာအနီးမှာ သုံးဘီးတပ် လန်ချားတစ်စီးနဲ့ ထရပ်ကားတစ်စီး တိုက်မိသွားတာဖြစ်ပါတယ်” ဟု အထက်ပါ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

လန်ချားပေါ်တွင် မောင်းသူအပါအဝင် ခရီးသည် ၇ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သေဆုံးသွားသူများမှာ ဆတ်နာမြို့တွင် ပြုလုပ်သော ပွဲဈေးသို့ ဈေးသွားရောင်းမည့် အရုပ်ရောင်းသူများဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေများက ရဲတပ်ဖွဲ့ထံပြောကြားချက်များအရ ထရပ်ကားမှာ အရှိန်ပြင်းပြင်းမောင်းလာသလို လန်ချားပေါ်တွင်လည်း ခရီးသည် အလွန်အကျွံတင်ဆောင်လာသဖြင့် အရှိန်မထိန်းနိုင်ဘဲ တိုက်မိကြခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုအား စုံစမ်းစစ်ဆေးရန်နှင့် ယာဉ်တိုက်မှုဖြစ်ပြီးနောက် ယာဉ်ကိုထားခဲ့ကာ ထွက်ပြေးသွားခဲ့သော ထရပ်ကား ယာဉ်မောင်းအား ဖမ်းဆီးနိုင်ရန်လည်း ညွှန်ကြားထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ယာဉ်မတော်တဆမှု ဖြစ်ပွားနှုန်း မြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယာဉ်မောင်း ကျွမ်းကျင်မှုမရှိခြင်း၊ လမ်းများနှင့် ယာဉ်များ ပြင်ဆင်ထိန်းသိမ်းမှုအားနည်းခြင်းများကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.