Connect with us

Europe

တူရကီတောင်ပိုင်းရှိ ရဲစခန်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွား

တူရကီနိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း အက်ဒါနာ ပြည်နယ် ရှိ ရဲစခန်းအနီး၌ ဒီဇင်ဘာ ၂၈ရက် နှောင်းပိုင်းတွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပြည်တွင်း ဒိုဂန်သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

သတင်းဋ္ဌာနက ပေါက်ကွဲမှုသည် အက်ဒါနာပြည်နယ် ဆေးဟန်မြို့၌ ဒေသစံတော်ချိန် ၁၉း၁၀နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက်ကို သိရှိခြင်းမရှိသေးကြောင်း ဖော်ပြခဲ့သည်။

အက်ဒါနာပြည်နယ် ရဲချုပ် ဆယ်လမီရယ်ဒစ် က တရားခံသည် လက်လုပ်အသံဗုံးဟုယူဆရသော ဖောက်ခွဲရေးပစ္စည်းကို ဓါတ်တိုင်အောက်တွင်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ နှင့် ဆေးအဖွဲ့များ ချက်ချင်းရောက်ရှိလာကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.