ကင်ညာ၊ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း Naivasha မြို့၌ ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် လောင်စာတင်ယာဉ်(ဆီတင်ကား) မီးလောင်ကျွမ်းခဲ့ပြီး အနီးအနားရှိ အခြားမော်တော်ယာဉ်များကိုလည်း မီးကူစက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၃၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် IS စစ်သွေးကြွအုပ်စုအားတိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ရန် ဆီးရီးယားနိုင်ငံ သို့ အမေရိကန်တပ်သား ၂၀၀ခန့် ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဒီဇင်ဘာ ၁၀ရက် တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
မနီလာ၊ဒီဇင်ဘာ၁၁ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ အစိုးရတပ်ဖွဲ့ဝင်များနှင့် အဘူဆေးယက်ဖ်သူပုန်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ စစ်သား အနည်းဆုံး ၃ ဦးကျဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၁ ရက်တွင်ပြောကြားသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အလယ်ပိုင်းတွင် ဒီဇင်ဘာ ၁၀ရက် ညက ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၇ဦး နှင့် ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၆၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရပိုင်းတာဝန်ရှိသူများ က ပြောကြားခဲ့သည်။