Connect with us

Africa & Middle East

တောင်ဆူဒန်အလယ်ပိုင်းတွင် လူမျိုးစုအကြားတိုက်ပွဲများကြောင့် သေဆုံးသူ ၆၀ဦးအထိ ရှိလာ

တောင်ဆူဒန်နိုင်ငံ ရှိ မာလီလူမျိုးစုများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျူးဘား၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တောင်ဆူဒန်နိုင်ငံ အလယ်ပိုင်းတွင် ပြိုင်ဘက် ဒင်ကာမျိုးနွယ်စုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၆၀ဦးအထိမြင့်တက်လာခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

Western Lakes ပြည်နယ်အစိုးရပြန်ကြားရေးဝန်ကြီး Shadrack Bol က တိုက်ပွဲများသည် ဒီဇင်ဘာ ၈ရက်တွင် ရပ်တန့်သွားခဲ့သော်လည်း သေဆုံးသူဦးရေသည် ၆၀ဦးဝန်းကျင်ရှိခဲ့ကြောင်း နှင့် ယခုအခါ ယင်းဧရိယာတွင် တည်ငြိမ်မှုများရှိလာပြီး ထိပ်တိုက်ရင်ဆိုင်မှုများမရှိတော့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကနဦးသတင်းများ၌ဖော်ပြချက်အရ ဒီဇင်ဘာ ၆ရက်တွင် စတင်ဖြစ်ပွားခဲ့သော ရက်လူမျိုးစု နှင့် ပါကန်လူမျိုးစု အကြား တိုက်ပွဲများကြောင့် လူ ၄၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Bol က Malek စီရင်စု တွင်တည်ရှိသော ပါကန်လူမျိုးစုပိုင်မြေနေရာမှ ဖယ်ရှားခံရသည့်အတွက် မကျေမနပ်ဖြစ်နေသည့် ပါကန်လူမျိုးစုများအား ရက်လူမျိုးစုက တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းလူမျိုးစု တိုက်ပွဲသည် Jonglei ပြည်နယ်တွင် ဒင်ကာမျိုးနွယ်စု နှင့် မာလီမျိုးနွယ်စု အကြား လူ ၆၉ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည့် တိုက်ပွဲများအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.