ဝဲလင်တန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျွန်ကီး(John Key) သည် နိုင်ငံ၏ လူကြိုက်အများဆုံး ဝန်ကြီးချုပ်တစ်ဦးအဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံ နှင့် အစိုးရအဖွဲ့အား ၎င်းသည် ရာထူးမှနှုတ်ထွက်တော့မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက် တွင် ရုတ်တရက်ကြေညာခဲ့သည်။
အစ္စလမ္မာဘတ် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ကရာချိမြို့ရှိ ဟိုတယ်တစ်လုံးတွင် ယနေ့(ဒီဇင်ဘာ ၅ ရက်) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာ လူပေါင်း ၁၁ ဦးသေဆုံးပြီး ၆၅ ဦးထိခိုက် ဒဏ်ရာရသွားကြောင်း ဒေသတွင်း ARU သတင်းဌာန၏ Urdu ရုပ်သံလိုင်းမှ သတင်းဖော်ပြသွားသည်။
ရန်ကုန်၊ဒီဇင်ဘာလ ၄ရက် (ဆင်ဟွာ) AFC ဆူဇူကီးဖလား၂၀၁၆ ၏ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်သော မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်း တို့၏ပထမအကျော့ ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ဒီဇင်ဘာလ ၄ ရက် ညနေ၆ နာရီကယှဉ်ပြိုင်ကစားခဲ့ကြရာ ထိုင်းလက်ရွေးစင်အသင်း က နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားကြောင်းသိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနှင့် ကာတာနိုင်ငံတို့သည် ဗီဇာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ Cyberspace စသည် အဓိကကျသည့် နယ်ပယ် လေးခု၌ ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြောင်း သိရသည်။