Connect with us

Social

၁၉၉၆၊ ၉၇၊ ၉၈ခုနှစ်ထုတ် မိုဒယ် အိုဟောင်းဘတ်စ်ကား ၂၉၆ စီး အပ်နှံမှု လက်ခံ

ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားလိုင်းတချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ YBS ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများတွင် ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မိုဒယ် အိုဟောင်း ခရီးသည်တင်ဘတ်စ်ကားများကို နိုဝင်ဘာ ၂ဝ ရက် နောက်ဆုံးထား အပ်နှံစာရင်းပေးသွင်းရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က အသိပေးကြေ ညာပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနတွင် ၂၉၆ စီး အပ်နှံမှု လက်ခံဆောင်ရွက်ပေး လျက်ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိ YBS ယာဉ်လိုင်းများတွင် ပြေးဆွဲလျက်ရှိသည့် ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မိုဒယ် အိုဟောင်း ခရီးသည်တင်ဘတ်စ်ကား အစီး ၄ဝဝ ကျော်ခန့် ရှိရာ ၂၉၆ စီး အပ်နှံရန် အဆိုပြုလာမှုရှိခဲ့ပြီး အပ်နှံမှုလုပ်ငန်း များကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်တမ်း နှစ် ၂ဝ နှင့်အထက် အိုဟောင်းဘတ်စ်ကား များအား အစားထိုး လဲလှယ်သည့်အစီအစဉ်အရ ၁၉၉၅ ခုနှစ် မော်ဒယ်နှင့်အောက် ခရီးသည်တင် ဘတ်စ်ကားများ အပ်နှံ၍ လူစီးယာဉ်စလစ်ထုတ်ပေးခြင်းကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှစတင် လက်ခံဆောင်ရွက်ပေးခဲ့ပြီး ယခု ဆက်လက် ၍ ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ် အိုဟောင်း ခရီးသည် တင်ဘတ်စ်ကားများကိုလည်း ယခုနှစ် အတွင်း အပ်နှံမှုလက်ခံပေး သွားမည်ဖြစ်သည်။

YBSယာဉ်လိုင်းများတွင် ပြေးဆွဲနေသော ဘတ်စ် ကားစီးရေမှာ အစီး ၄ဝဝဝ ခန့်ရှိပြီး အပ်နှံပြီး ဘတ်စ်ကား ဟောင်းများနေရာတွင် လက်ရှိ အစိုးရက ဝယ်ယူထားသော ခရီးသည်တင်ယာဉ် အစီး ၁ဝဝဝ၊ ပုဂ္ဂလိက ကုမ္ပဏီတို့က ဝယ်ယူထားသော ခရီးသည်တင်ယာဉ် အစီး ၁ဝဝဝ ကျော် အပါအဝင် ကားသစ် အစီး ၂၆ဝဝ ခန့် ဝင်ရောက် ပြေးဆွဲရန်ရှိရာ လက်ရှိတွင် အစိုးရအစီအစဉ်ဖြင့် တင်သွင်း လာသည့် ဘတ်စ်ကားအစီး ၁ဝဝဝ အနက် အစီးရေ ၃ဝဝ ခန့် ပြေးဆွဲရန် ကျန်ရှိနေသေးကြောင်း၊ ယာဉ် အဟောင်းများအပ်နှံ၍ ယာဉ်အသစ်များဖြင့် အစားထိုး ပြေးဆွဲရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.