Connect with us

Africa & Middle East

ဇင်ဘာဘွေ နိုင်ငံ တွင် အစိုးရအဖွဲ့ သစ် ဖွဲ့စည်း ခဲ့ပြီး ကျမ်းသစ္စာ ကျိန်ဆိုမှု ပြုလုပ်

ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟာလာရီ ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ ၏ အစိုးရအဖွဲ့ သစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကို ဒီဇင်ဘာ ၄ ရက်နေ့၌ မြို့တော် ဟာလာရီ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa က ယခုအကြိမ် အစိုးရအဖွဲ့၏ အဓိက တာဝန်မှာ စီးပွားရေး တိုးတက်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံ သမ္မတ က အခမ်းအနား အပြီးတွင် သတင်းမီဒီယာ များအား ယခု အကြိမ် အစိုးရ အဖွဲ့၏ သက်တမ်းကာလ သည် လာမည့်နှစ်ရွေးကောက်ပွဲကျင်းပပြီးစီးသည့် အချိန်ထိဖြစ်ကာ အချိန် ၆ လ ကျော် တာဝန် ထမ်းဆောင် ရမည် ဖြစ်ကြောင်း ၊ ဇင်ဘာဘွေ နိုင်ငံ ပြည်သူလူထု များအနေဖြင့် အစိုးရ သစ် အပေါ် ယုံကြည်မှု ထားရှိရန် တိုက်တွန်းကြောင်း ၊ နိုင်ငံအတွင်းရှိ ပြည်သူလူထု အားလုံးကို စည်းလုံးညီညွှတ်အောင် ဆောင်ရွက်ပြီး အလုပ်အကိုင်အခွင့်အလမ်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တို့ကို မြှင့်တင် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa သည် နိုဝင်ဘာ ၂၄ ရက်နေ့ တွင် တာဝန်ထမ်းဆောင် ကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်နေ့၌ အစိုးရ အဖွဲ့ဟောင်းကို ပယ်ဖျက် ခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်နေ့ ၌ ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa မှ တာဝန် ခန့်အပ်သည့် ဝန်ကြီးများ အဖွဲ့သစ် အမည် စာရင်း ကို ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးများ အဖွဲ့ဝင် အား ၂၆ ဦး မှ ၂၂ ဦး သို့ လျှော့ချ ခဲ့သည်။ အသစ်ကြေညာခဲ့သည့် ဝန်ကြီးများ အဖွဲ့သစ် စာရင်း တွင် နိုင်ငံခြားရေး ဝန်ကြီး ၊ ကာကွယ်ရေး ဝန်ကြီး စသည့် အဓိက တာဝန်များကို အပြောင်းအရွှေ့ လုပ်ခဲ့ပြီး အခြား ဝန်ကြီး အချို့ ကိုလည်း အပြောင်းအလဲ လုပ်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.