Connect with us

Africa & Middle East

ဆီးရီးယားစစ်စခန်းအား အစ္စရေးက ဒုံးကျည်ဖြင့် တိုက်ခိုက်

ဆီးရီးယားစစ်စခန်းအား အစ္စရေးဘက်က ဒုံးကျည်ဖြင့် တိုက်ခိုက်စဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့စွန် ရှိ ဆီးရီးယားစစ်အခြေစိုက်စခန်းတစ်ခုအား ဒီဇင်ဘာ ၄ ရက်တွင် အစ္စရေးနိုင်ငံက ဒုံးကျည်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန SANA ကဖော်ပြခဲ့သည်။

ဒမတ်စကပ်စ်မြို့ အနောက်မြောက်ဘက် ၈ကီလိုမီတာ အကွာခန့် Jamraya မြို့ရှိ စစ်အခြေစိုက်စခန်းကို ဦးတည်ပစ်ခတ်ခဲ့သည့် ဒုံးကျည် ၆စင်းအနက် ၃စင်းကို ဆီးရီးယားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်း၌ပါရှိသည်။

တစ်ချိန်တည်းမှာပင် ယင်းစစ်အခြေစိုက်စခန်းအတွင်းရှိ ဟစ်ဇ်ဘိုလာစစ်သွေးကြွများထံ ပို့ဆောင်မည့် ဒုံးကျည်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံက ပြောကြားခဲ့သည်။

ဒမတ်စကပ်စ်မြို့စွန် အနောက်တောင်ပိုင်း ရှိ Kiswehမြို့ရှိ အခြားသော စစ်အခြေစိုက်စခန်းတစ်ခုကို အစ္စရေးနိုင်ငံ က တိုက်ခိုက်ပြီး ၂ရက်အကြာတွင် ယင်းတိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဆီးရီးယားစစ်တပ်က ဒုံးကျည်၂စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ကျန်ဒုံးကျည်များသည် စစ်စခန်းကို ထိမှန်ခဲ့ကာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးတာဝန်ရှိသူများက ၎င်းတို့၏နယ်စပ်အနီးတွင် အီရန်တို့၏ မည်သည့်လွှမ်းမိုးမှုမျိုးကိုမဆို လက်ခံသွားမည်မဟုတ်ကြောင်း ကြိမ်ဖန်များစွာပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရကလည်း ဂိုလန်ကုန်းမြင့်အနီးရှိ သူပုန်များအား အစ္စရေးဘက်ကထောက်ပံ့နေခြင်းအပေါ် ထပ်ခါတလဲလဲ ပြစ်တင်ရှုံ့ချခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.