Connect with us

Politics, Law & Military

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ တရုတ်-ကနေဒါ သဘောတူညီမှု ပူးတွဲကြေညာချက် ထုတ်ပြန်

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရူဒါ(Justin Trudeau) တို့ နှစ်ဦး ဂုဏ်ပြုတပ်ဖွဲ့ အား စစ်ဆေးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ကနေဒါ နိုင်ငံတို့သည် ရာသီဥတုပြောင်းလဲခြင်း နှင့် အစိမ်းရောင်ဖွံ့ဖြိုးရေး ဆိုင်ရာ သဘောတူညီမှုပူးတွဲကြေညာချက်ကို ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံဝန်ကြီးချုပ် နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် တို့အကြား ဒုတိယအကြိမ်မြောက် နှစ်စဉ် ပုံမှန်ဆွေးနွေးပွဲအတွင်း ယင်းသဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့် သန့်စင်သောစွမ်းအင်း အသုံးပြုရေးအတွက် နှစ်နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးမှုများ တည်ဆောက်သွားရန်ကိုလည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။

တရုတ်နိုင်ငံသို့ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသည့် ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရူဒါ(Justin Trudeau) နှင့်ဆွေးနွေးစဉ် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က နှစ်နိုင်ငံဝန်ကြီးချုပ်များ၏ နှစ်ပတ်လည်ပုံမှန်ဆွေးနွေးပွဲ ၊ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ပတ်လည် အစည်းအဝေး ၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆွေးနွေးပွဲများမှ အပေါင်းလက္ခဏာဆောင်သော ရလဒ်များ ရရှိခဲ့ကြောင်း ၊ အလားတူ အမျိုးသားလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာဆွေးနွေးပွဲများမှလည်း အပေါင်းလက္ခဏာဆောင်သော ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တန်းတူညီမျှမှု နှင့် နှစ်ဖက်အပြန်အလှန်အကျိုးအမြတ်ရှိမှု ၊ နှစ်ဖက်အပြန်အလှန်လေးစားမှု ပေါ်အခြေခံ၍ နှစ်နိုင်ငံစလုံးအနေဖြင့် ဘုံအကျိုးစီးပွားများကို တိုးမြှင့်ဆောင်ရွက်သွားရန် လီက တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က နှစ်လမ်းသွားရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့သွားရန် ၊ စက်မှုလုပ်ငန်းများတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အားပေးသွားကြရန် နှင့် တတိယဈေးကွက်တစ်ခု ဖော်ဆောင်ရေး ပူးတွဲ ဆောင်ရွက်သွားရန် အကြံပြုဆွေးနွေးခဲ့သည်။

ကနေဒါနိုင်ငံဝန်ကြီးချုပ် ထရူဒါက ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များကဲ့သို့ကမ္ဘာ့စိန်ခေါ်မှုများကို နှစ်နိုင်ငံပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.