Connect with us

Politics, Law & Military

ပင်လယ်ဝါ နှင့် အရှေ့တရုတ်ပင်လယ်ထဲတွင် တရုတ်လေယာဉ် လေ့ကျင့်မှုပြုလုပ်


ပေကျင်း ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ရန် နှင့် တိုက်ခိုက်မှုစွမ်းရည်မြှင့်တင်ရန် အရှေ့တရုတ်ပင်လယ်ပြင် နှင့် ပင်လယ်ဝါ ထဲတွင် တရုတ်နိုင်ငံ၏ ထောက်လှမ်းရေးလေယာဉ်က အမြင့်ပျံ လေ့ကျင့်မှုများကို မကြာသေးမီက ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံလေတပ်မှ ဒီဇင်ဘာလ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းနေရာများပေါ်တွင် ယခင်က လေယာဉ်ပျံသန်းခဲ့ဖူးခြင်း မရှိကြောင်း တရုတ်လွတ်မြောက်ရေးတပ်မတော်(PLA) လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ Shen Jinke က ဆိုသည်။

တရုတ်လေတပ်မှ ဂျက်တိုက်လေယာဉ်များ ၊ လေကြောင်းဗုံးကျဲကြိုတင်အချက်ပြစနစ် လေယာဉ်များ နှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များလည်း အဆိုပါ ပူးတွဲထောက်လှမ်းစောင့်ကြည့်ခြင်း လေ့ကျင့်ရေး အစီအစဉ်တွင် ပါဝင်ခဲ့ကြောင်း Shen က ပြောကြားခဲ့သည်။

ပင်လယ်ဝါ နှင့် အရှေ့တရုတ်ပင်လယ်တွင် ပျံသန်းလေ့ကျင့်နေသော တရုတ်လေယာဉ် အားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်လေတပ် တပ်ဖွဲ့သည် ပုံမှန်အခြေခံအားဖြင့် တိုက်ပွဲဝင်အခြေအနေအောက်တွင် ပင်လယ်ပြင်အမြင့်ပျံလေ့ကျင့်ရေးကို လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.