ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) လားရှိုးမြို့နယ် ဟိုပိတ်ရွာအနီး သံလွင်ဓါတ်ဆီအရောင်းဆိုင်အနီးတွင် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီက လက်လုပ်မိုင်း နှစ်လုံး ပေါက်ကွဲခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြောက်ဥက္ကာဆေးရုံကြီး၌ ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ရေကန်အုတ်တံတိုင်းပြိုကျပြီး အမျိုးသမီးတစ်ဦး ပိကာ သေဆုံးမှုဖြစ်ပွားကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဆေးရုံမှဝန်ထမ်းများထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်သည် လက်နက်ကိုင်အဖွဲ့ များနှင့် ထိတွေ့တိုက်ခိုက်မှုများပြီးနောက် နိုဝင်ဘာ ၂၅ ရက်က အမေရိကန် ဒေါ်လာ ၁သန်းနီးပါးခန့် ကုန်သွယ်နိုင်ခဲ့ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်ထံမှ သိရသည်။
ဖူကျန်း၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ် ရှမန်မြို့ရှိ ပန်းချီဆရာတစ်ဦးသည် ငါးရိုးများကို အသုံးပြု၍ ပန်းချီကားများ ဖန်တီးခဲ့ကြောင်းသိရသည်။
အန်ကာရာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် အိုင်အက်စ်တို့၏ တိုက်ခိုက်မှုများအပြီး၌ တူရကီ ကျောထောက်နောက်ခံပြု ဆီးရီးယား လွတ်မြောက်သော တပ်မတော်မှ တပ်ဖွဲ့ဝင်များတွင် ဓာတုလက်နက် ထိခိုက်မှု လက္ခဏာများ တွေ့ခဲ့ကြောင်း တူရကီ စစ်ဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။