မနီလာ ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် အစိုးရ အား ပုန်ကန်နေသည့် လက်နက်ကိုင် တပ်ဖွဲ့ တို့ ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းအချိန်တွင် နိုင်ငံတောင်ပိုင်း Maguindanao ပြည်နယ်တွင် တိုက်ပွဲ ဖြစ်ပွား...
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး အဂ္ဂရတနာ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းရှိ မြေစာပုံ ပြိုကျမှုကြောင့်လူ ၅ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် ၌ ယနေ့ နေ့လည် တစ်နာရီ ၁၇မိနစ်တွင် အင်အားရစ်(ခ်)တာစကေး (၅.၈)အဆင့်ရှိ အင်အားအသင့်တင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။