ဆာနား၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာ ဆာလတ် ၏ နောက်လိုက်များ နှင့် ဟူသီသူပုန်များအကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း ယီမင်နိုင်ငံ မြို့တော် ဆာနားမြို့ရှိ အီရန်သံရုံးမှာ တိုက်ခိုက်ခံရပြီး မီးများတောက်လောင်လျက်ရှိကြောင်း ယင်းအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့သည့် ဆင်ဟွာသတင်းထောက်တစ်ဦးကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ အနေဖြင့် ရှေ့ဆက် ၍ ကုလသမဂ္ဂ ဦးဆောင်သည့် “ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု သဘောတူညီချက်” တွင် ပါဝင်သော သတ်မှတ်ချက်များကို လိုက်နာဆောင်သွားတော့မည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က...
ရှီအန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ Shaanxi ပြည်နယ်၏မြို့တော် ရှီအန်မြို့(Xi’an) နှင့် Sichuan ပြည်နယ်မြို့တော် ချန်ဒူမြို့(Chengdu) အကြား ပြေးဆွဲပေးမည့် မြန်နှုန်းမြင့်မီးရထားပြေးဆွဲခြင်းကို ဒီဇင်ဘာ ၆ ရက်တွင် စတင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဝူးကျိန့်၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် ဝူးကျိန့်( Wuzhen) မြို့၌ ၄ ကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့၏ အနောက်- အနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့ဒီဇင်ဘာ ၃ ရက်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။