ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၆)ရပ်ကွက်တွင်း မြစ်ရေလျှံ၍ အိမ်ထောင်စု ၈၂ စု၊ လူဦးရေ ၃၅၈ ဦး ပြောင်းရွှေ့နေထိုင်နေရကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ရှေးနှစ်ပေါင်းများစွာကတည်းက သမိုင်းဝင် တီထွင်မှုများဖြင့် ဝင့်ကြွားခဲ့သော တရုတ်နိုင်ငံသည် ယခုအချိန်တွင်လည်း “မဟာတီထွင်မှုအသစ် လေးခု” ဖြစ်သော မြန်နှုန်းမြင့် ရထားလမ်း၊ အီလက်ထရောနစ် ငွေပေးချေမှု၊ စက်ဘီးမျှဝေသုံးစွဲမှုစနစ် နှင့် အွန်လိုင်းဈေးဝယ်မှုများဖြင့် ကမ္ဘာကြီးအားပြောင်းလဲနိုင်ကြောင်း ၎င်း၏ စွမ်းရည်ကို တစ်ဖန်ပြန်လည် ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါသည်။