Connect with us

Local

အသေးစား အလတ်စား လုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံပံ့ပိုး ကူညီ မြှင့်တင် သွားရန် လိုအပ်

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Commerce)

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု နှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အသေးစား အလတ်စား လုပ်ငန်းငယ်များ (Small and Medium Enterprises – SMEs) ဖွံ့ဖြိုးတိုးတက် အောင် ဘက်စုံပံ့ပိုး ကူညီ မြှင့်တင် သွားရန် လိုအပ်ကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

အသေးစား အလတ်စား လုပ်ငန်းငယ် များမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ပြီး ဝင်ငွေရရှိကာ လူမှု စီးပွား ဘဝ တိုးတက်လာမည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက အောက်တိုဘာ ၁၁ ရက်တွင် ပြုလုပ်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပုဂ္ဂလိက အခန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အစည်းအဝေးများ၌သာမက လက်တွေ့ နယ်ပယ် များတွင်ပါ ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးပြီး တည်ငြိမ်အေးချမ်းသည့် နေရာဒေသများ တွင်သာမက ဖွံ့ဖြိုးမှု နည်းပြီး တည်ငြိမ် အေးချမ်းမှု မရှိသည့် နေရာဒေသများတွင်လည်း ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ၊ ထိုမှသာ ယင်းဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုးကာ ဒေသ တည်ငြိမ် အေးချမ်းမှုကို အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက ကဏ္ဍများကို ဝန်ဆောင်မှုများပေးရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့ အစည်းများ အနေဖြင့် အောင်မြင်နေသည့် နိုင်ငံများကို လေ့လာပြီး ပြုပြင်ပြောင်းလဲ သင့်သည့်ကိစ္စရပ်များကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်း ၉ဝ ရာခိုင်နှုန်းကျော်သည် ပုဂ္ဂလိက ကဏ္ဍ ဖြစ်သည်။

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ ပုံမှန် အစည်းအဝေးကို နှစ်လ တစ်ကြိမ် ကျင်းပခဲ့ရာ ယခင်ကျင်းပခဲ့သည့် စတုတ္တ အကြိမ်အထိ ဆုံးဖြတ်ချက်ပေါင်း ၃၂ ချက် ချမှတ်ခဲ့ရာ ၂၇ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.