Connect with us

Africa & Middle East

ဘူရွန်ဒီတွင် ဆီတင်ကားပေါက်ကွဲမှုကြောင့် လူ ၅၀ဦး ဒဏ်ရာရရှိ

မီးလောင်ကျွမ်းနေသည့် လောင်စာဆီတင်ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘူဂျန်ဘူရာ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဘူရွန်ဒီနိုင်ငံ အလယ်ပိုင်း ကာရူစီပြည်နယ် တွင် အောက်တိုဘာ ၁၀ ရက် က ဆီတင်ကားတစ်စီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘူရွန်ဒီရဲတပ်ဖွဲ့က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ဘူရွန်ဒီရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Pierre Nkurikiye က လောင်စာဆီတင်ကားတစ်စီး သည် နေ့လည် ၁နာရီခန့်တွင် ပြောင်းပြန်လှန်တိမ်းမှောက်ခဲ့ပြီး ဒေသခံများက မြေပြင်ပေါ်တွင်ဖိတ်ကျနေသည့် ဆီများအား ခပ်ယူရန်လာရောက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက လူ ၁၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း နှင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူများကို ဂီတီဂါဆေးရုံ နှင့် ကာရုစီဆေးရုံ သု့ိ အလျင်အမြန်ပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ဆီတင်ကားတိမ်းမှောက်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အန္တရာယ်ကို လူများက သတိမထားကြကြောင်း၊ နိုင်ငံအများအပြားတွင်လည်း အလားတူ ဖြစ်ရပ်များကြောင့် လူအများအပြားသေဆုံးခဲ့သည်ကို မီဒီယာများမှတစ်ဆင့် ကြားသိရကြောင်း နှင့် မကြာသေးမီကပင် ကွန်ဂိုနိုင်ငံ၌ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.