Connect with us

Asia

အမေရိကန် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း ဂျပန် ၌ ဆင်းသက်စဉ် မီးလောင်မှု ဖြစ်ပွား

အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ CH-53 အကြီးစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ သတင်း မီဒီယာ များ ၏ ဖော်ပြချက်အရ အောက်တိုဘာ ၁၁ ရက်နေ့၌ အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း သည် အိုကီနာဝါ ခရိုင် မြောက်ပိုင်းဒေသတွင် ဆင်းသက်စဉ် အတွင်း မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်း မထွက်သေးကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်များအရ အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ CH-53 အကြီးစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် သည် အောက်တိုဘာ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ခန့်တွင် အိုကီနာဝါ မြောက်ပိုင်းရှိ အမေရိကန် အခြေစိုက် စခန်း သို့ ဆင်းသက်စဉ် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ ရဟတ်ယာဉ် တစ်စီးလုံး မီးလောင်းပျက်စီး သွားကြောင်း သိရှိရသည်။

၂၀၀၄ ခုနှစ် သြဂုတ် လပိုင်းကလည်း ဂျပန် နိုင်ငံ အခြေစိုက် အမေရိကန် စစ်ဘက်ဆိုင်ရာ CH-53 ရဟတ်ယာဉ် သည် လေ့ကျင့်မှု ပြုလုပ်စဉ် အတွင်း မထိန်းချုပ် နိုင်တော့ဘဲ အိုကီနာဝါ ရှိ စာသင်ကျောင်း တစ်ခု သို့ပျက်ကျ သွားခဲ့ရာ ရဟတ်ယာဉ် ပေါ်ရှိ တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း နှင့် ပတ်ဝန်းကျင်ရှိ အဆောက်အဦ များ ပျက်စီးခဲ့ရကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.