မနီလာ ၊ မတ် ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် မတ်လ ၂ဝ ရက် မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ယနေ့(မတ်လ ၁၆ ရက်) တွင် သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) နှစ်အလိုက် လျှပ်စစ်ဓာတ်အား သုံးစွဲမှု တိုးတက်လာခြင်းများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေအား၊နေရောင်ခြည်နှင့် လေစွမ်းအင်သုံး လျှပ်စစ် စီမံကိန်း ၆၀ ခုတို့ကို စီစဉ်ထားရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ကပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယနေ့ရှင်းလင်း တင်ပြခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) အစိုးရ ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ေ၀ အသုံးပြုနေခြင်းကို ပြန်လည်သုံးသပ်ပြီးနိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် မဖြစ်မနေ ပြင်ဆင် ထိန်းသိမ်း ရမည့် လမ်း တံတားများအတွက် ကျပ် ၇၁ ဘီလျံကျော် သုံးစွဲသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က...