Connect with us

Sport

မြန်မာ နှင့် ထိုင်း အမျိုးသား လက်ရွေးစင်အသင်းများ၏ ဘောလုံးခြေစမ်းပွဲ အား အောက်တိုဘာလ ၅ ရက်နေ့တွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း ၌ ကျင်းပမည်

မြန်မာ နှင့် ထိုင်း ဘောလုံးခြေစမ်းပွဲ ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဖီဖာ နိုင်ငံတကာ ဘောလုံး ခြေစမ်းပွဲ အနေဖြင့် မြန်မာ နှင့် ထိုင်း အမျိုးသားဘောလုံးခြေစမ်းပွဲ ကို အောက်တိုဘာလ ၅ ရက်နေ့တွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း ၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ သတင်းထုတ်ပြန်သည်။

မန္တလေးမြို့တွင် ထိုင်းလက်ရွေးစင် အသင်းနှင့်ခြေစမ်းမည့် မြန်မာ့လက်ရွေးစင် အသင်းလူစာရင်းအား စက်တင်ဘာလ ၂၆ ရက် တွင် နည်းပြချုပ် ဂတ်ဆီဇီမှ ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းခြေစမ်းပွဲ ကို အောက်တိုဘာ လ ၅ ရက်နေ့ ညနေ ၆း၃၀ နာရီတွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်အတွက် လက်မှတ်များကို မန္တလေးရှိ မြန်မာဘောလုံးအကယ်ဒမီတွင် အောက်တိုဘာ(၁)ရက်နေ့မှ စတင်ကာ ကြိုတင်လက်မှတ်များ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.