ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာ့ကျွဲကော အထွက်နှုန်း တိုးစေရန် နှင့်နိုင်ငံတကာ သို့တင်ပို့နိုင်စေရန် ရည်ရွယ်ကာ ကျွဲကောအများဆုံး စိုက်ပျိုးရာဒေသများတွင် ကျွဲကောဇုန်များတည်ထောင် သွားရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
တီဟီရန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အီရန်-အီရတ် နယ်စပ်တွင် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၂ ရက် ည ၉း၁၈နာရီတွင် အင်အား ၇.၂အဆင့်ရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ရာ နိုဝင်ဘာ ၁၃ရက် နံနက်ပိုင်းအထိ လူ ၁၂၉ဦးသေဆုံးပြီး အခြားလူ တစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာ...
မနီလာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် နိုဝင်ဘာ ၁၂ ရက်တွင် တရားဝင်ခရီးစဉ် အဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမြို့သို့ နိုဝင်ဘာ ၁၂ရက်တွင် နိုင်ငံတော်ခရီးစဉ် အဖြစ် ရောက်ရှိလာကြောင်း သိရသည်။