ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ် နှင့် လာအို ဆိုရှယ်လစ်နှစ်နိုင်ငံ၏ ရှေးရိုးစဉ်လာမပျက်ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး လည်းဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ဖိန် သည် လာအိုနိုင်ငံသို့ နိုဝင်ဘာ ၁၃ရက်တွင် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရန်တင်ဒါတင်သွင်းသည့်ကုမ္ပဏီများ၏ အဆိုပြု လွှာများ ရွေးချယ်စိစစ်နေပြီး ရွေးချယ်ခံရသည့် ကုမ္ပဏီများကို ဒီဇင်ဘာလအတွင်း တရားဝင်ကြေညာမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အာရှဖလားခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် အိန္ဒိယလက်ရွေးစင် ဘောလုံးအသင်း တို့သည် နိုဝင်ဘာလ (၁၄) ရက် ဒေသစံတော်ချိန် ည (၈)နာရီ အချိန်၊ မြန်မာစံတော်ချိန် ည(၉) နာရီအချိန်တွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့ ရှိအားကစားကွင်း တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း...
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် ပတ်သက်၍ ၎င်း၏ ခိုင်မာသောလိုက်နာမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၁၃ရက်တွင် တရုတ် နှင့် ဗီယက်နမ် ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက်အရသိရသည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နှင့် ဗီယက်နမ်တို့သည် ပင်လယ်ရေကြောင်းသွားလာမှုကိစ္စရပ်များနှင့် ပတ်သက်၍ မတူကွဲပြားမှုများကို သင့်လျော်စွာ စီမံခန့်ခွဲပြီး ထိန်းချုပ်လုပ်ဆောင်သွားသင့်ကြောင်း နှင့် ချိတ်ဆက်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားသင့်ကြောင်း နိုဝင်ဘာ ၁၃ ရက်ကပြောကြားခဲ့သည်။