ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် သြဂုတ်လ ၂၁ရက်နေ့လည်အထိ ရလဒ်များအရ မြန်မာနိုင်ငံသည် ရွှေ ၂ဆု၊ ငွေ၂ဆုနှင့် ကြေးတစ်ဆု ရရှိပြီးဖြစ်ကြောင်း ဆီးဂိမ်းပြိုင်ပွဲက ထုတ်ပြန်ချက်အရ သိရသည်။
စကိုးပီးယား၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မက်ဆီဒိုးနီးယားနိုင်ငံ ဗီးလ်လက်စ်မြို့အနီးရှိ အဝေးပြေးလမ်းပေါ်တွင် ပြည်ပခရီးသွားဧည့်သည်များ တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီး သြဂုတ်လ ၂၀ ရက် ညပိုင်းက တိမ်းမှောက်သွားရာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အခြားခရီးသည် ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖရီးတောင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ဆီယာရာလီယွန်နိုင်ငံတွင် သြဂုတ်လ ၁၄ ရက်က ရွှံ့မြေပြိုကျမှုနှင့် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက် ရုပ်အလောင်း ၄၉၉ ဦး ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ဒေသခံ မီဒီယာ သြဂုတ်လ ၂၀ ရက်တွင် သတင်းတင်ပြထားသည်။
ပေကျင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ကွန်ဂိုနိုင်ငံတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၀၀ ဦး သေဆုံးခဲ့ခြင်းအတွက် ကွန်ဂို သမ္မတထံ တရုတ် သမ္မတ ရှီကျင့်ဖိန်က ဝမ်းနည်းကြောင်း သတင်းစကား ပြောကြားလိုက်သည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၌ ကျင်းပသည့် ၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားတွင် သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ Squash အားကစားအဖွဲ့လိုက်ပါလာသော ယာဉ်မတော်ဆမှုကြောင့် Squash အားကစားပြိုင်ပွဲစဉ်များကို ယာယီရွှေ့ဆိုင်း ထားကြောင်း မလေးရှားနိုင်ငံဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီ(MASOC)က ထုတ်ပြန်ချက်အရ သိရသည်။