Connect with us

Politics, Law & Military

မောင်တောမြို့အတွင်း ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ဆက်လက်ရှာဖွေ

ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများတွေ့ရှိရာပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ဆက်လက်ရှာဖွေ

ဆောင်ရွက်မှုပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ARSA အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် ၅၂ ဦး သေဆုံးခဲ့ရပြီး စုစုပေါင်း ၁၉၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ အဆိုပါ ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင်လည်း ရှာဖွေမှုများ ဆက်လက် ဆောင်ရွက်ခဲ့ရာ ရဲဘော်ကျ ကျေးရွာမှ ပျောက်ဆုံးနေဆဲဖြစ်သည့် ဟိန္ဒူဘာသာဝင် ၄၈ ဦးကို ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့်အပြင် မောင်တောမြို့နယ်၊ အိုးထိန်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၄၄ ဦး ပျောက်ဆုံးနေကြောင်း ထပ်မံ သိရှိရသဖြင့် ဆက်လက်ရှာဖွေ လျက်ရှိကြောင်း သိရသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများ တိုက်ခိုက်မှု ဖြစ်စဉ် များကြောင့် ဟိန္ဒူဘာသာဝင် မိသားစု ၅၆၃ စု ၊ လူဦးရေ ၂၇၅၂ ဦး တို့သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်တွေမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၂၆၂ ဦး ၊ မောင်တောမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု ၂၄၁ စု၊ လူဦးရေ ၁၄၈၇ ဦး ၊ ဘူးသီးတောင်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦးတို့ အသီးသီးခိုလှုံနေထိုင်လျက် ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.