Connect with us

Social

တရုတ်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်နှင့် နေပြည်တော်ရှိ ရုပ်ရှင်ရုံများတွင် ပြုလုပ်မည်

တရုတ်ရုပ်ရှင်ပွဲတော်၌ ပြသမည့်ရုပ်ရှင်ဇာတ်ကား အချိန်ဇယားအားတွေ့ရစဉ်(ဓာတ်ပုံ-တရုတ်သံရုံး)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကြီးမှူးကျင်းပသည့် တရုတ်ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံနှင့် ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်၏ ရုပ်ရှင်လက်မှတ်များကို ပွဲမစမီ ၃၀ မိနစ် အလိုမှစ၍ ဦးရာလူပေးစနစ်ဖြင့် အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်ရုပ်ရှင်ပွဲတော်၌ ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်သူ ဂျက် (ဂျက်ကီချန်းသရုပ်ဆောင်)၏ တပည့်ဖြစ်သူ အိန္ဒိယတိုင်းရင်းသူထံမှ ရှေးဟောင်းမြေပုံကိုတွေ့ရှိပြီးနောက် တပည့်ဖြစ်သူတို့နှင့်အတူ လျှို့ဝှက်ဆန်းကြယ် သည့် ရတနာသိုက်ကို စွန့်စွန့်စားစား သွားရောက်ရှာဖွေကြသည့် စွန့်စားမှု ရုပ်ရှင်ဇာတ်ကားကို နေပြည်တော် (အောင်သပြေရုပ်ရှင်ရုံ)တွင် အောက်တိုဘာ ၂၊ ၄၊ ၆နှင့် ၈ ရက်တို့တွင် အချိန် ၁၆နာရီ၃၀တွင်လည်းကောင်း၊ ရန်ကုန်မြို့ (နေပြည်တော်ရုပ်ရှင်ရုံ)တွင် အောက်တိုဘာ ၃၊ ၅နှင့် ၇ ရက်တို့တွင် အချိန် ၁၈နာရီ၃၀ တွင်လည်းကောင်း ပြသမည်ဖြစ်ကြောင်း သိရသည်။

Xuan Zang ဆရာတော် (Huang Xiaoming သရုပ်ဆောင်)သည် ဇာတိနှင့်ဝေးရာတွင် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ပြီးနောက် ဓမ္မ၏စစ်မှန်သော သဘောကိုသိလာခဲ့ကာ အခက်အခဲများကို ကျော်ဖြတ်၍ အနောက်မဇ္ဈိမဒေသသို့ အရောက်သွားနိုင်ခဲ့ပုံကို ဖော်ကျူးပုံဖော်ထားသည့် ဇာတ်ကားကို နေပြည်တော် (အောင်သပြေရုပ်ရှင်ရုံ)တွင် အောက်တိုဘာ ၃၊ ၅နှင့် ၇ရက်တို့တွင် အချိန် ၁၆နာရီ၃၀တွင်လည်းကောင်း

ရန်ကုန်မြို့ (နေပြည်တော်ရုပ်ရှင်ရုံ)တွင် အောက်တိုဘာ ၂၊ ၄၊ ၆နှင့် ၈ရက်တို့တွင် အချိန် ၁၈နာရီ၃၀တွင် လည်းကောင်းပြသမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.