Connect with us

Sport

အာရှ ယူ ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲအုပ်စု H ခြေစစ်ပွဲ၌ တရုတ် အသင်းက ဖိလစ်ပိုင် အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရ

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အာရှ ယူ ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(H) ပွဲစဉ်တွင် တရုတ် လက်ရွေးစင် ယူ ၁၆ အသင်း နှင့် ဖိလစ်ပိုင် လက်ရွေးစင် ယူ ၁၆ အသင်းတို့သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ တရုတ် အသင်းက ၂ ဂိုး – ဂိုးမရှိ ဖြင့် အနိုင် ရရှိခဲ့သည်။

တရုတ် လက်ရွေးစင် ယူ ၁၆ အသင်း၏ အဖွင့်ဂိုးအား ပထမပိုင်း ပွဲချိန် ၃၉ မိနစ်တွင် Zhang Xingliang က သွင်းယူခဲ့ပြီး ဒုတိယမြောက် ဂိုးအား ပွဲချိန် မိနစ် ၉၀ အချိန်တွင် Pan Yusheng က သွင်းယူခဲ့သည်။ထို့အတူ အုပ်စု(H) ပွဲစဉ် အဖြစ် မြန်မာ လက်ရွေးစင် ယူ ၁၆ အသင်း နှင့် တောင်ကိုရီးယား လက်ရွေးစင် ယူ ၁၆ အသင်းတို့ယှဉ်ပြိုင် ကစားခဲ့ရာတွင် မြန်မာ အသင်းက တောင်ကိုရီးယား အသင်းအား ၄ ဂိုး – ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.